မြန်မာပြည်အနှံ့ အိမ်အရောက်ပို့ဆောင်နိုင်ပါပြီ။

ဝန်ဆောင်မှုအမျိုးအစားများ

Regular
Package
Smart Money
Package
DPSave
Package
Business Partner
Package

ဘာကြောင့်ဒုံးပျံကိုရွေးချယ်သင့်တာလဲ?


  • Right Time
  • Fair Price
  • Reliable
  • Easy Access to Customers
  • Excellent Customer Service

အမေးများသောမေးခွန်းများ

မြန်မာပြည် အနှံ့မြို့ပေါင်း (160) ကျော် အိမ်အရောက်ဝန်ဆောင်မှု၊ ငွေကောက်ဝန်ဆောင်မှုများအပြင် အခြားမြို့များသို့ ဂိတ်တင်ဝန်ဆောင်မှုများ ဆောင်ရွက်ပေးပါတယ် (ရှင့်/ဗျ)။
ယခုတွေ့ရှိရသော Google Form တွင်လုပ်ငန်းရှင်၏ သတင်းအချက်အလက်များကို ဖြည့်သွင်းပေးရုံဖြင့် ကျွန်မတို့၏ CS Team မှ မိနစ်အနည်းငယ်အတွင်း ဆက်သွယ်လာပြီး လုပ်ငန်းစဉ်များ လွယ်ကူစေရန် အကူအညီပေးပါမည်(ရှင့်/ဗျ)။
https://forms.gle/9KeMaMwgkzHyHwNQ9
ပါဆယ်လမ်းကြောင်း (၃) ခုမှစ၍ အိမ်အရောက်လာကောက်ပေးပါတယ်(ရှင့်/ဗျ)။
အကောက်ဝန်ဆောင်မှုအတွက် အခမဲ့ ဖြစ်ပါတယ်(ရှင့်/ဗျ)။
လမ်းကြောင်းပါဆယ်(၁)ခုအတွက် ဝန်ဆောင်မှုလေး ရပ်နားထားပါတယ်(ရှင့်/ဗျ)။
ဝန်ဆောင်မှုပြန်လည်ရရှိသည့်အခါ အကြောင်းကြားပေးပါမည်(ရှင့်/ဗျ)။
ဟုတ်ကဲ့ လာရောက်အပ်နှံနိုင်ပါတယ်( ရှင့် /ဗျ )။လိပ်စာများကတော့
  • ရုံး(၁)-အမှတ် (၉/အေ)၊ကွေ့မအိမ်ရာ၊၁၀မြောက်ရပ်ကွက်၊ သာကေတမြို့နယ်။
    ဖုန်းနံပါတ် - 09 740917772-773
  • ရုံး (၂) - အမှတ်(၈၉၇) ၊ သုဇိတာလမ်း၊ ( ၂ )ရပ်ကွက်၊ မြောက်ဥက္ကလာပမြို့နယ်။
    ဖုန်းနံပါတ် - 09 799 971 576
  • ရုံး( ၃ ) - ၆၂ /မြတီမင်းကြီးလမ်း၊ မန္တလေးမြို့။
    ဖုန်းနံပါတ် - 09 775 084 955
ရန်ကုန် ၊ မန္တလေးမြို့နယ်အတွင်း ဒီနေ့ - အကောက် ၊ မနက်ဖြန် - အရောက် ဝန်ဆောင်မှုနှင့် မြို့ပြင်များသို့ ( ၃) ရက်အတွင်း အရောက်ပို့ဆောင်ပေးပါတယ် (ရှင့် /ဗျ)။
ရန်ကုန်မြို့မှပို့ဆောင်ပါက ပါဆယ်ကောက်ခံပြီး နောက်နေ့ရက်မှစ( ၃ ရက်မှ ၁၀ရက်) အတွင်း သတ်မှတ်မြို့နယ်များအလိုက် ကြာချိန်များအတိုင်း ပို့ဆောင်ပေးပါတယ် (ရှင့်/ ဗျ)။
ရန်ကုန်မြို့ပြင် မန္တလေး၊ နေပြည်တော် ၊ ပဲခူး၊ တောင်ကြီး၊ မော်လမြိုင်၊ ပြင်ဦးလွင် မြို့များတွင် အကောက်ဝန်ဆောင်မှု့ရရှိပြီး အခြားမြို့များသို့ အိမ်ရောက်ငွေကောက် ပို့ဆောင်ပေးသည့်ဝန်ဆောင်မှု့ရရှိပါတယ်( ရှင့်/ ဗျ )။
လက်ခံသူမှ ပါဆယ်လက်ခံပြီး ( ၃ ) ရက်အတွင်း (ရုံးပိတ်ရက်၊ အစိုးရရုံးပိတ်ရက်များ)မှလွဲ၍ (Online Payment )ဖြင့် လွဲပြောင်းပေးပါတယ် ( ရှင့်/ဗျ )
ပုပ်သိုးပျက်ဆီးလွယ်သော၊ အနံ့ပြင်းသောအစားအသောက်၊ အလွယ်တကူကွဲရှလွယ်သော အစ္စည်းများ၊ စွန်းထင်းလွယ်သောပစ္စည်းများ၊ သက်ရှိတိရိစ္ဆာန်များ၊ ပန်းပင်များ၊ ပေါက်ကွဲလွယ်သောပစ္စည်းများ၊ပုပ်သိုးလွယ်သော၊ တန်ဖိုးကြီးပစ္စည်းများ(လက်ဝတ်ရတနာ၊ဖုန်း၊တီဗွီ၊ပရိဘောဂ၊ Laptop) ပို့ဆောင်ပေးသော ဝန်ဆောင်မှု့မရှိသေးပါ ( ရှင့် / ဗျ )
နေ့စဉ် နံနက် (၈) နာရီမှ နေ့လည် (၁)နာရီ အတွင်း Pick Up ခေါ်ဆိုပါက နေ့ချင်းလာကောက်ပေးပါတယ်။ နေ့လည်(၁)နာရီကျော်ပါက Pickup Order လေးတင်ထားခဲ့နိုင်ပြီးနောက်ရက်မှာလာကောက်ပေးပါတယ်(ရှင့် / ဗျ )
လူကြီးမင်းတို့ Online Shop လုပ်ငန်း နှင့် ကျွန်တော်/ကျွန်မတို့ Dp Team သို့ Viber Group ဖွဲ့ပြီး လမ်းကြောင်းဝန်ဆောင်မှု့များကို Customer Service Admin ထားရှိပြီး အချိန်နှင့်တပြေးညီ ဝန်ဆောင်မှု့ ပေးပါတယ် ( ရှင့် / ဗျ )
ဟုတ်ကဲ့ ရပါတယ် (ရှင့် / ဗျ )။ DP Teamမှ မိမိကိုယ်တိုင် Portal ဖွင့်လှစ်ပေးမှာဖြစ်ပြီး ကိုယ်ပိုင် Pick-up Order တင်ခြင်း၊ နေ့စဉ် ၊ အပတ်စဉ်၊ လစဉ် ငွေစာရင်း စစ်ဆေး နိုင်ခြင်း၊ ပို့ဆောင်ပြီး လမ်းကြောင်းများနှင့် ပါဆယ်ကျန်များအတွက် မှတ်ချက်များကို ကိုယ်တိုင် စစ်ဆေးနိုင်ပါတယ် ( ရှင့် / ဗျ )
စာချုပ်ဝန်ဆောင် မှု့(၃)မျိုးရှိပါတယ် ရှင့်။
  1. တစ်လအတွင်း သတ်မှတ် အရေအတွက် ပြည့်မှီပါက Cash Back ရနိုင်တဲ့ Regular Package
  2. တစ်လအတွင် လမ်းကြောင်း (၃၀၀) မှစ ရင်နှီးငွေ (၅) သိန်း မှ သိန်း(၂၀)ထိ ပြန်ရတဲ့ Smart Money Package
  3. ကြိုတင်ငွေရှင်းပေးတဲ့ Business Partner Package လုပ်ငန်းရှင်များနှင် အဆင်ပြေသော ဝန်ဆောင်မှု့ Package
များရွေးချယ်နိုင်ရန် အတွက် DP မှ ဆက်သွယ် ရှင်းပြပေးနိုင်ရန် အောက်ပါ Information Formအားဖြည့်စွက်ပေးဖို့ ကျေးဇူးပြု၍ တောင်းဆို ပါရစေ ( ရှင့် / ဗျ )
https://forms.gle/9KeMaMwgkzHyHwNQ9